ဓနုဖြူမြို့နယ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေနိုင်သော ဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရေလဲကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ရေလဲ)၌ ကျင်းပသည်။