လေးမျက်နှာမြို့နယ်တွင် အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

လေးမျက်နှာ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးရေးရာအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ဦးဆောင်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာ-ငါးသိုင်းချောင်းကားလမ်းဘေး မိုင်တိုင်(၅/၆)မှ မိုင်တိုင်(၅/၇)အထိ သစ်ပင်များစိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုးနှင့်တာဝန်ရှိသူတို့က အမျိုးသမီးရေးရာအဖွဲ့နှင့်တာဝန်ရှိသူများကို ပျိုးပင်များပေးအပ်ခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုးနှင့်တာဝန်ရှိသူတို့က မန်ဂျန်ရှား(၁၀၀)ပင်၊ မဟော်ဂနီ(၅၀)ပင်၊ ငုရွှေဝါ(၂၅)ပင်၊ ခရေ(၂၅)ပင်၊ ဗာဒံ(၃၀)ပင်ကို စနစ်တကျ စိုက်ပျိုးခဲ့သည်။

အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်စုအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများမှ ပူးပေါင်းပါဝင်စိုက်ပျိုးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)