သန်လျင်မြို့နယ်၌ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

ရန်ကုန် ဇွန် ၂၇

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့်တိုင်ကြားမှုယန္တရားများ ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက်နေ့နံနက်(၁၀) နာရီအချိန်က သန်လျင်မြို့ လူငယ်သင်တန်းကျောင်း နဝရတ်ခန်းမ၌ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စိမ်းလဲ့ရည်က ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာပူးတွဲကြော်ငြာချက်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၁၀၆)အပိုဒ်(၁၀) အကောင်အထည်ဖော်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(စီမံကိန်းကာလ-၁နှစ်)တို့အား Projector ဖြင့် ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံခုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်မြင့်၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(ပြန်ဆက်)