ကြံခင်း ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြို့နယ်ဘဏ်ခွဲ) တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းတွင် ခုံကြီးအုပ်စုရှိ တောင်သူ ၁၈၅ ဦးအား ထုတ်ချေးပေးလျက်ရှိသည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြို့နယ်ခွဲ) မန်နေဂျာ ဒေါ်လွင်လွင်ဦးက တောင်သူများ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ချေးငွေညွှန်ကြားစာပါ ချေးငွေစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လယ်ယာမြေလုပ်ပိုင် ခွင့် ပြုလက်မှတ်ပုံစံ(၇)အား မြေစာရင်းဦးစီးဌာနနှင့်တိုက်ဆိုင်စစ်ဆေးပြီးမှသာ မှန်ကန်သော တောင်သူ များကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ ကျေးရွာတောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မန်နေဂျာ ဒေါ်လွင်လွင်ဦးက ခုံကြီးအုပ်စုရှိ တောင်သူ ၁၈၅ ဦးအား တစ်ဧက ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းဖြင့် ၉၆၀ ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ငွေကျပ် ၁၄၄၀.၀၀ သိန်း ထုတ်ချေးပေးလျက်ရှိပြီး၊ ဇွန်လ ၂၇ ထိ ကျေးရွာအုပ်စု ၂၁ စု၊ တောင်သူ ၂၉၂၈ ဦး၊ ၁၄၇၉၀ ဧက စုစုပေါင်းငွေကျပ် ၂၂၁၈၅.၀၀ သိန်း ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ကြံခင်းဘဏ်ခွဲ)မှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)