အင်းစိန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

အင်းစိန် ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက စဥ့်ငူရပ်ကွက်အတွင်းရှိ လူနေအိမ်တို့တွင် ကျန်းမာရေးဌာနခွဲက စုပေါင်း၍ တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူလူထုပူးပေါင်းပါဝင်ပြီး လိုက်နာဆောင်နိုင်ရန်နှင့် ကျောင်းပတ်ဝန်းကျင်အနီး သန့်ရှင်းသာယာလှပရေးနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ နွယ်အိလှိုင်နှင့် ဆရာ၊ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ရွာ‌နေပြည်သူများနှင့် တာ၀န်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်တို့က ပူးပေါင်း၍ ရပ်ကွက်အတွင်း နေအိမ်များရှိ သောက်သုံးရေကန်များ၊ ရေစည်၊ ရေအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)