စလင်း ဇွန် ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့် ကျောင်းသားမိဘများအား အခမဲ့ လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် ကျောင်းသားလူငယ်များ ကျောင်းသားမိဘနှင့် ပြည်သူအားလုံး သိရှိလိုက်နာသင့်သည့်အချက်များ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ခေါင်းစဥ်ပါဆောင်းပါးနှင့် အဆိပ်ပန်းကဗျာများကို ဝေဝေဆာဆာ ရေးသားထည့်သွင်းဖော်ပြထားသည်။
သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှအစောင်ရေ(၁၀၀၀၀၀)အား အခမဲ့ထုတ်ဝေခြင်းကို စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့် ကျောင်းသားမိဘပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)