လှည်းကူးမြို့နယ်၌ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုနှင့် တက်ရောက်နိုင်သော အခွင့်အလမ်းများအကြောင်း အသိပညာပေးဟောပြော

လှည်းကူး ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ကျောင်းသား/သူများ ရရှိရေးနှင့် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် Grade 9 အောင်မြင်ပြီးသော ကျောင်းသား/သူများ တက်ရောက်နိုင်သော အခွင့်အလမ်းများအကြောင်း အသိပညာပေးဟောပြောပွဲကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ကျွန်းကလေး)၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်ဇော်ကလူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတွဲဖက်သင်ကြားမည့် အစီအစဥ်များ၊ သင်ကြားပါက ရရှိလာမည့် အခွင့်အရေးများကိုလည်း အကျယ်တဝင့်ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့