ကျောက်တန်း ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အထက်တန်းကျောင်း (မြိုင်သာယာ)၌ ကျောင်းသားများအတွက် လိုအပ်သော သန့်စင်ခန်း ဆောက်လုပ်လှူဒါန်းခြင်းကို EDF myanmar နှင့် EDF Japan အဖွဲ့တို့ မှ အဆိုပါကျောင်းတွင် ယနေ့နံနက်ပိုင်းမှ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စင်၀င်းမှ ကျေးဇူးတင်စကားပြောကြားကာ EDF myanmar အဖွဲ့မှ မန်နေးဂျင်းဒါရိုက်တာ ဦးဇင်ဇော်ဇော်မောင်မှ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးမှ EDF myanmar အဖွဲ့မှ မန်နေးဂျင်းဒါရိုက်တာ ဦးဇင်ဇော်ဇော်မောင်ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)