ပုလောမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ရပ်ကွက်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ပုလော ဇွန် ၁၆

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် ရပ်ကွက်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဇွန်လ ၁၅ ရက်နေ့  မွန်းလွဲ ၂ နာရီက ပုလောမြို့ ကြက်တောင်ရုံး၌ ကျင်းပခဲ့ရာ အမှတ်(၁) ရပ်ကွက်အသင်းနှင့် အမှတ်(၂) ရပ်ကွက်အသင်းတို့ စတင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စည်းလုံးညီညွတ်ရေး၊ အားကစားစိတ်ဓာတ်မြင့်မားစေရန်နှင့်  မြို့နယ်အတွက် အကောင်းဆုံးသော အားကစားသမားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍  ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်‌ကြောင်း ပုလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်ကြည်က ပြောကြားသည်။

ရပ်ကွက်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ပုလောမြို့ပေါ် ရပ်ကွက်များရှိ လူငယ်အသင်း(၈)သင်းက ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၁၇ ရက်နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)