အမရပူရမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများအား စားသုံးဆီသက်သာချောင်ချိရေး စျေးရောင်းပွဲတော် ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်လေးစုရပ်ရှိ သမဝါယမအသင်းစု အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ဇူလိုင်လပထမပတ် စနေ့နေ့တွင် ကျရောက်မည့် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမအသင်းသားများအားစား သုံးဆီသက်သာချောင်ချိရေး စျေးရောင်းပွဲတော်ကို ပြုလုပ်ခဲ့သည်။