မင်းတုန်းမြို့တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မင်းတုန်း ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သစ်တောဦးစီးဌာနက ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်သူနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ကျောင်းသားကျောင်းသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။

ထိုသို့ စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် အခြေခံပညာအထက်တန်းကျောင်းဝန်းနှင့် မင်းတုန်း-ပြည်လမ်း လမ်းဘေးဝဲယာတွင် စိန်ပန်းပြာ(၂၅၀)၊ စိန်ပန်းနီ(၁၀၀)နှင့် ပိတောက်(၁၅၀)ပင် စုစုပေါင်း(၅၀၀)ပင် စိုကိပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)