အောင်မြေသာစံ ဇူလိုင် ၃
ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ကျောင်းပြင်ပမူလတန်း ပညာရေးအခြေစိုက်စခန်း (မန္တလေးလူငယ်သင်တန်းကျောင်း) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်က လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေးက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောင်းပြင်ပပညာရေး၊ တိုင်းကြီးကြပ်ရေးမှူး၊ ဒေါ်ခင်မျိုးသန့်က ကျောင်းပြင်ပပညာရေးအကြောင်း ရှင်းလင်းပြောကြားကာ မန္တလေးလူငယ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးကျော်ဇင်ထွန်းက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး၊ ကျောင်းပြင်ပမူလတန်းပညာရေးအခြေစိုက်စခန်းမှ တိုင်းကြီးကြပ်ရေးမှူးနှင့် မြို့နယ်ကြီးကြပ်ရေးမှူးများ၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ ဝန်ထမ်းများနှင့် Leval -1 မှ ကျောင်းသား (၁၇) ဦးနှင့် Leval-2 မှ ကျောင်းသား (၂၃) ဦး တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)