အောင်လံမြို့၌ သီတဂူဇောတိကစက္ခုဒါနဆေးရုံတော်၌ မျက်စိဝေဒနာရှင်များ စမ်းသပ်ခွဲစိတ်ကုသပေး

အောင်လံ ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဓညဝတီရခိုင်ကျောင်းတိုက်အတွင်းရှိ သီတဂူဇောတိက စက္ခုဒါနဆေးရုံတော်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ကူညီပံ့ပိုးမှုဖြင့် မျက်စိဝေဒနာရှင်များကို စမ်းသပ်စစ်ဆေးခွဲစိတ် ကုသပေးလျက်ရှိသည်။

အဆိုပါ မျက်စိဝေဒနာရှင်များအား မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရှိ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဆောင်းမို့မို့ဝင်း ဦးဆောင်၍ အထူးကုဆရာဝန်(၂)ဦး၊ သူနာပြု(၈)ဦးအဖွဲ့မှ မျက်စိဝေဒနာရှင် သံဃာ(၁)ဦး၊ ကျား(၄)ဦး၊ မ(၁၅)ဦး စုစုပေါင်း(၂၀)ဦးအား ခွဲစိတ်ကုသပေးလျက်ရှိပြီး၊ မျက်စိစမ်းသပ်ခွဲစိတ်ကုသမှုကို ဇူလိုင် (၂) ရက်နေ့မှ (၄) ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)