ကျောက်ဆည် ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာအကြီးကိုကို(ကသာ)က “ထိပ်ဆုံးမှာဆုံကြမယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)သို့ စာအုပ်များ လှူဒါန်းခဲ့ကြောင်းနှင့်ဟောပြောပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူများအား မေးခွန်းများမေးမြန်းခဲ့ပြီး စာအုပ်လက်ဆောင်များ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)