အမရပူရမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများအား စားသုံးဆီသက်သာချောင်ချိရေး စျေးရောင်းပွဲတော် ကျင်းပ

အမရပူရ ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်လေးစုရပ်ရှိ သမဝါယမအသင်းစု အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ဇူလိုင်လပထမပတ် စနေ့နေ့တွင် ကျရောက်မည့် (၁၀၃) ကြိမ်မြောက် ​အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမအသင်းသားများအားစား သုံးဆီသက်သာချောင်ချိရေး စျေးရောင်းပွဲတော်ကို ပြုလုပ်ခဲ့သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစု ချုပ်ဥက္ကဋ္ဌဦးထွန်းလှိုင်က အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပြီး အမရပူရမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်လေးနှင့် အမရပူရမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသိန်းမြင့်တို့က သမဝါယမအကြောင်းနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အသင်းစုဝန်ထမ်းများ၊ အခြေခံအသင်းအမှုဆောင်များနှင့် သမဝါယမအသင်းသားများအား စားသုံးဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)