နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာတွင် သမဝါယမအသင်းသား တောင်သူများကို သွင်းအားစုများ ထောက်ပံ့ပေးအပ်

နမ့်စန်(တ) ဇူလိုင် ၃

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် သမဝါယမအသင်းသား တောင်သူများထံသို့ သွင်းအားစုထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြသိန်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုနှင့် မိုင်းစိတ်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းဥက္ကဋ္ဌတို့မှ မိုးစပါးစိုက်ပျိုးသောအသင်းသား တောင်သူ (၃၀) ဦး၊ ဧက (၄၀၀) အတွက် မျိုးနှင့်ပုလဲမြေဩဇာသွင်းအားစုများ ပေးအပ်ခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက စိုက်ပျိုးရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပြီး မိုးစပါးပျိုးထောင်မှုအခြေအနေ၊ မြေပြင်မှုအခြေအနေနှင့် စိုက်ပျိုးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)