ပေါင်းတည် ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍမှ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့နှင့် တောင်သူများ ပူးပေါင်းကြိုးပမ်းလျက်ရှိကြောင်း သိရပြီး ယခု ၂၀၂၅ ခုနှစ်၊ မိုးရာသီသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၇၃၅၁၄ ဧကအပါအဝင် မိုးရာသီ သီးနှံစုစုပေါင်း ၁၁၆၆၉၀ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဇွန်လကုန်အထိ တစ်မြို့နယ်လုံးအနေဖြင့် မိုးစပါး ၄၂၄၅၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုနှစ် မိုးရာသီတွင် ဖူးစားပြောင်း ၃၂၁၄ ဧက၊ မြေပဲ ၇၇၄၃ ဧက၊ နှမ်း ၁၅၄၇၀ ဧက၊ နေကြာ ၅၅ ဧက၊ ဝါကြီး ၂၈၇ ဧက၊ ပဲတီစိမ်း ၆၅၄၈ ဧက၊ ပဲပုတ် ၅၁၅ ဧက၊ ပဲစဉ်းငုံ ၂၅၆၃ ဧက၊ ဟင်းသီးဟင်းရွက် ၅၇၃၃ ဧက၊ ငရုတ် ၄၈၃ ဧက၊ ချက်ကြံရင့် ၅၅၃ ဧက၊ စားကြံရင့် ၁၂ ဧကတို့ကို လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။
ရွှေသား