လမ်းမတော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းကို ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁၂) ရပ်ကွက်၊ သရက်တောကျောင်းတိုက်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။