မိုင်းတုံမြို့၌ မြို့နယ်စိုက်ပျိုး‌ရေးညှိနှိုင်း‌ရေးကော်မတီအဖွဲ့နှင့် တောင်သူလယ်သမားများ‌ပေါင်းစပ်၍ ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နောင်ပါရင်ရပ်ကွက်ရှိ ဘုန်း‌တော်ကြီးကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုး‌ရေးညှိနှိုင်းရေးကော်မတီအဖွဲ့နှင့် တောင်သူလယ်သမားများ‌ပေါင်းစပ်၍ ညှိနှိုင်း‌ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မြင်းခြံတက္ကသိုလ်၌ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇) နာရီအချိန်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် ငါးသယံဇာတတိုးပွားစေရေးအတွက် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းက ဆုံကုန်းကျေးရွာအုပ်စုရှိ ငဝန်မြစ်တွင်ပြုလုပ်ခဲ့သည် ။

မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ကြံခင်းမြို့နယ်တွင် ကျောင်းအခြေပြု အခြေခံပညာမူလတန်းကျောင်း(မဲကုန်းနှင့် ကြို့ပင်စု)တွင်ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာမူလတန်းကျောင်း (မဲကုန်းနှင့်ကြို့ပင်စု) တို့တွင် ယနေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ဉာဏဖွံ့ဖြိုးစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများကပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြသည်။

ကျိုင်းတုံမြို့နယ်တွင် အောင်နိုင်တိုးမျိုးသန့်ပွားစိုက်ခင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုးရေးဝန်ထမ်းများ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ မိုးစပါးအောင်နိုင်တိုးမျိုးသန့်ပွားစိုက်ခင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့တွင်  ယန်းလောကျေးရွာအုပ်စု၊ ဝမ်မောက်ကျေးရွာ တောင်သူဦးစိုင်းယီတစ်၏ လယ်ယာမြေတွင် ကျင်းပသည်။

စဉ့်ကိုင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ ရသစုံလင်သည့် စာအုပ်၊ စာစောင်များအား (အခမဲ့) ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်နှင့် ဝန်ထမ်းများက မြတ်စေတနာကိုယ်ပိုင်အထက်တန်း‌ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ရသ စုံလင်သည့် စာအုပ်၊ စာစောင်များ(အခမဲ့) ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယနေ့နေ့လယ်ပိုင်းက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့ ကလေးစာဖတ်ခန်း၌ ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး ကလေးစာဖတ်ခန်းတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ကလေးစာဖတ်ခန်း လာရောက်အသုံးပြုသည့် စာငှား/စာဖတ် ကျောင်းသား/ကျောင်းသူလေးများဖြင့် ရောင်စုံစက္ကူများအသုံးပြုကာ အရုပ်ခေါက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့် တစ်နှစ်သုံးသီးစားသီးနှံစိုက်ပျိုးနိုင်ရေး‌ တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်းရာသီပြည့် တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေး‌ တောင်သူများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက သပြေချောင်းကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမတွင် တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တောင်သူပေါင်း ၆၅ ဦး တက်ရောက်ခဲ့သည်။
Subscribe to