ဆီဆိုင် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ထီမန့်ကျေးရွာတွင် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာရှိ ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်က အမှာစကားပြောကြားပြီး ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ရန်က ကျေးရွာမြေငှားဂရန်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးဦးမျိုးအောင်နှင့် တာဝန်ရှိသူတို့က ထီမန့်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာမြေငှားဂရန်လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီး ကျေးရွာပြည်သူများ၏ကိုယ်စား ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါကျေးရွာမြေငှားဂရန်ကို ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ထီမန့်ကျေးရွာရှိ ဒေသခံပြည်သူများ နေအိမ်(၉၀)မှ အိမ်ထောင်စု(၉၀)စုအား ကျေးရွာမြေငှားဂရန် လက်မှတ်များအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)