အိမ်မဲ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ငွေလုံးငွေရင်းအသုံးစရိတ်မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ငွေကျပ်သိန်း (၁၀၀၀) ပေးအပ်ခြင်းအခမ်းအနား ကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲ မြို့နယ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေလုပ်ငန်းကြီးကြပ်စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားများနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းအကြောင်း အရာများကိုအကျယ်တဝင့်ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေလုပ်ငန်းကြီးကြပ် စစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များအား ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ စုစုပေါင်းငွေကျပ် သိန်း (၁၀၀၀) အားပေးအပ်ခဲ့ကာ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)