ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပ

ကျုံပျော် ဇူလိုင် ၁၁

အရည်အချင်းပြည့်မီသော ‌မျိုးဆက်သစ် ထူးချွန် အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် ၂၀၂၅ခုနှစ် ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၃) မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယနေ့ညနေ ၂ နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲသို့ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ခရိုင်နှင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။

ဦးစွာအားကစားသမားများက ပြိုင်ပွဲဝင် ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုခြင်းနှင့် စစ်ကြောင်းမှူးက ပြိုင်ပွဲဝင်အင်အား သတင်းပို့ခြင်းတို့ကို ဆောင်ရွက်သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အားကစားယှဉ်ပြိုင်ခြင်းဖြင့် အချင်းချင်းစည်းလုံးညီညွတ်မှုနှင့် စုပေါင်းစိတ်ဓာတ်ကို ရရှိ‌စေမှာဖြစ်ကြောင်း၊ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားပြီး၊ အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွက်ဆိုကာ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ခဲ့သည်။ ယနေ့ပြိုင်ပွဲတွင် ကျောင်းကုန်းမြို့နယ် အမျိုးသမီးအသင်းနှင့် ရေကြည်မြို့နယ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းကုန်းမြို့နယ်အသင်းက ခုနှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)