ကွန်ဟိန်း ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာမူလတန်းကျောင်း (နမ့်ကုန်)၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲအား ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာကြည့်တိုက်လက်ထောက်-(၃) ဒေါ်သဲမာက ကလေးအလုပ်သမားဖြစ်ပေါ်ရသည့် အကြောင်းရင်း၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲအား ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)