မိုင်းရှူး ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းက အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် ဗလ(၅)တန်အကြောင်း ဟောပြောခဲ့သည်။ ထို့နောက် အားကစားပစ္စည်းများဖြစ်သော ဘောလုံး(၁)လုံး၊ ဘောလီဘော(၁)လုံး၊ ခြင်းလုံး(၁)လုံး ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင် Grade(7၊8၊9)မှ ကျောင်းသား၊ ကျောင်းသူ(၂၇၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)