မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံး၌ ရက် ၁၀၀ စီမံချက်ဖြင့် အမှုထမ်းဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်​ရေး မွမ်းမံသင်တန်း ဖွင့်လှစ်

ချမ်းအေးသာစံ ဇွန် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် အမှုထမ်းဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်ကာ စွမ်းဆောင်ရည်မြှင့်တင်​ရေး မွမ်းမံသင်တန်းကို အဆိုပါရုံး၌ ဇွန် ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တ​လေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက စွမ်းဆောင်ရည်မြှင့်တင်​ရေး မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် အရာထမ်းအမှုထမ်းဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 အဆိုပါသင်တန်းကာလကို ဇွန် ၁၅ ရက်နေ့မှ ဇွန် ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ အမှုထမ်းဝန်ထမ်း စုစုပေါင်း ၃၀ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)