ထန်းတပင် ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအုပ်စု၊ လမုကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများအား ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များကို ထုတ်ပေးသွားမည်ဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက ကျေးရွာနေ ပြည်သူ (၄၀) ဦးတို့အား မြေငှားဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်အတွက် အဆိုပါကျေးရွာသို့ မြို့နယ်တာဝန်ရှိ သူများကမြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မြေပြင်ကွင်းဆင်းရာတွင်လည်း ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက လမုကျေးရွာအတွင်း ကျေးရွာမြေငှားဂရန်ထုတ်ပေးသွားမည့် မြေနေရာများကို မြေပြင်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများအား ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကျေးရွာနေပြည်သူ (၄၀) ဦးတို့အား မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာနယ်နမိတ်သတ်မှတ်ရေး လုပ်ငန်းစဥ်များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်