ကျိုင်တုံ ဇွန် ၁၆
(၃၁)နှစ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာက အမှာစကားပြောကြားပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် တက်ရောက်နေသည့် ဝန်ထမ်းသား၊ သမီးများအား ပညာသင်ချီးမြှင့်ငွေများနှင့် ကျောင်းသုံးစာရေးကိရိယာများပေးအပ်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသွေးလှူဒါန်းခဲ့သည့် ဝန်ထမ်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)