မိုင်းယောင်းမြို့၌ စာတော်ပြန်ပွဲအခမ်းအနား ကျင်းပ

မိုင်းယောင်း ဇွန် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း သာသနာ့ဗိမ္မာန်တော်၌ ယမန်နေ့က ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်များမှ စုပေါင်းကျင်းပသော ပထမအကြိမ် သဒ္ဓမ္မပါလ စာတော်ပြန်ပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ ဇောတိက ဘဒ္ဒန္တဘဒ္ဒိယထံမှ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဗုဒ္ဓသာသနာအရှည်တည်တံ့စေရေးကျင်းပသည့် ပထမအကြိမ် သဒ္ဓမ္မပါလ စာတော်ပြန်ပွဲတွင် ဆုရရှိသော သံဃာတော်များအား စာအောင်ဆုများဆက်ကပ်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း