ကလိန်အောင်မြို့၌ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးလျက်ရှိသော  33KV  သပြေဝ-အောင်ဆန်းဓာတ်အားလိုင်းနှင့် လွတ်ကင်းမှုမရှိသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်းရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးလျက်ရှိသော 33KV  သပြေဝ-အောင်ဆန်းဓာတ်အားလိုင်းနှင့် လွတ်ကင်းမှုမရှိသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်းရှင်းလင်းခြင်းကို  ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ

ရမည်းသင်းမြို့နယ်အတွင်း ဒေသခံတောင်သူများ အနေဖြင့် စပါးမျိုးစေ့ချကိရိယာကို တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့    အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊  လုပ်သားအင်အားရှားပါးမှု ပြဿနာ ဖြေရှင်းပေးနိုင်ရေး ၊  အချိန်တိုအတွင်းစိုက်ဧကများကို စိုက်ပျိုးနိုင်ခြင်းနှင့် စပါး အထွက်နှုန်းကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန်ရည်ရွယ်၍   စက်မှုလယ်ယာ ဦးစီးဌာန မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း   10 Rows Seeder ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီက ရမည်းသင်းမြို့နယ်   နွားကူးကျေးရွာ၊  ကွင်းအမှတ် (၁၁၂၄) ရှိ ဒေသခံတောင်သူ ဦးတိုးတိုးလွင်၏ လယ်မြေ နှစ်ဧကအတွင်း ကျင်းပသည်။

(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်တွင် အသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် မြဝတီမြို့၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့် ခရိုင် ပတ်ဝန်းကျင်ထိ န်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် ၁၀နာရီက အသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ ပြပွဲများ ကျင်းပသည်။

ဘားအံမြို့နယ်၊ တောင်ကလေးကွက်သစ်၊ အမှိုက်ကန်အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တောင်ကလေးကွက်သစ်၊ အမှိုက်ကန်အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများက ဇူလိုင်လ (၁၅) ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ ကျင်းပ

ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်ဖူဆယ်ကွင်း၌ ၂၀၂၅ ခုနှစ် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အသက် ၂၅ နှစ်အောက် ဒေသတွင်း ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲကို ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်ဖူဆယ်ကွင်း၌ ၁၄.၇.၂၀၂၅ ရက်နေ့မှ ၁၆.၇.၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် အဆိုပါကွင်းအတွင်း၌ ကျင်းပခဲ့ရာ ပျော်ဘွယ်အသင်းနှင့် ရွှေမြင့်မိုရ်အသင်းတို့ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေမြင့်မိုရ်အသင်းက အနိုင်ရရှိခဲ့သည်။

ချမ်းအေးသာစံမြို့နယ် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်းတွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ သိရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန် စာကြည့်တိုက်သို့စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့်အလေ့အထများဖြစ်ပေါ်စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်၊ အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်နှင့် အာဇာနည်နေ့အကြောင်း လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to