ကလိန်အောင် ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တနင်္သာရီသဘာဝကြိုးဝိုင်း လုပ်ငန်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးချမ်းငြိမ်းနှင့် စီမံကိန်းဝန်ထမ်းများ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ်အရာရှိများ၊ PTTEP International Limited မှ Site Manager Mr.Pricha Chitta ၊ ရတနာလူမှုစီးပွားစီမံကိန်းဝန်ထမ်းများ၊ ရဲတံခွန်လူမှုစီးပွားစီမံကိန်းဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများတို့က တက်ရောက်ကြပြီး ပျဉ်းကတိုး (၂၀၀) ပင်၊ ကံ့ကော် (၇၀) ပင်၊ သပြေ (၄၀) ပင်၊ ပိတောက် (၃၀) ပင်၊ တမလန်း (၁၀) ပင်၊ စုစုပေါင်း (၃၅၀) ပင်တို့အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)