ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ "စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ" ကျင်းပရာအဆိုပါကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ(၃၂၅)ဦးတက်ရောက်သည်။