ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲယှဥ်ပြိုင်နေမှုတက်ရောက် ကြည့်ရှုအားပေး

ဘောလုံးအားကစား အဆင့်အတန်းပိုမိုမြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှ ၁၈ ရက်အထိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန်လေးဇုန်ခွဲ၍ကျင်းပလျက်ရှိပြီး ရှုံးထွက်ပွဲစဥ်များနှင့်ဗိုလ်လုပွဲစဥ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(ပါဆာ)၌ အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ အခြခံပညာမူလတန်းကျောင်း(ပါဆာ)သို့ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

မိုင်းနောင်မြို့တွင် အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး  စိုက်ပျိုး‌ရေးနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ သစ်စိမ့်ပင်-ပေါစံခေါလမ်းပေါ်ရှိ ကွင်းအမှတ်(၁၇၂၁) ကွင်းသို့သွားရောက်ပြီး မိုးရွာသွန်းမှုများပြား၍ သကြားစက်ရိုးချောင်းရေမြင့်တက်မှုကြောင့် စိုက်ခင်းများရေဝင်ရောက်မှုအခြေအနေအားကြည့်ရှုစစ်ဆေးပြီး ရေများအမြန်ဆုံးကျဆင်းအောင်ဆောင်ရွက်ရေးကို ဝာာဝန်ရှိသူများအား မှာကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရဲဗြားကုန်းကျေးရွာရှိ အသားတိုးဝက်မွေးမြူရေး‌ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ဦးတည်ချက်များအနက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့်ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဇူလိုင် ၁၅ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံလုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြရသည့် ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်က မန်းကျိုးကျေးရွာအုပ်စုရှိ ပေတောဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အခွန်ရငွေတိုးတက်ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အခွန်ရငွေတိုးတက်ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။

ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၅) အခြေခံပညာမူလတန်း​ကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး နေပြည်တော်အားကစား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားအဖွဲ့များမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

သတင်းစာပညာသိမှတ်ဖွယ်ရာများ သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ၊ အလှူငွေပေးအပ်ပွဲနှင့် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းမပေါ်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ဇူလိုင်လ ၁၄ ရက်နေ့နံနက်(၉)နာရီအချိန်က မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှကြီးမှူးဖွင့်လှစ်သည့် သတင်းစာပညာသိမှတ်ဖွယ်ရာများ သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ၊ အလှူငွေပေးအပ်ပွဲနှင့် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to