သံတောင်ကြီးဒေသထွက် ရာသီစာမျှစ်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ ဖြစ်သည့်အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့်ရာသီစာ မျှစ်များ ဝယ်လိုအားကောင်းခြင်းသော်လည်း ယခု ဇူလိုင်လဒုတိယပတ်တွင် ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။