မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှုးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း ပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဆက်လက်သင်ကြားပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယမန်နေ့နံနက် (၉) နာရီက ရန်အောင်မြင်ရပ်ကွက် မြို့နယ်ခန်းမအတွင်း၌ ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှုူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပခုက္ကူမြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး)၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။

ဂန့်ဂေါမြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကျောတိုက်) ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ (၁၆) ရက်နေ့ နံနက်ပိုင်းက ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကျောတိုက်) တွင် ကျင်းပခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ မနက်ပိုင်းက ဆင်ခြေဖုန်းမြောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၉၊ ဦးပိုင်အမှတ်-၃၇၊ တောင်သူဦးစိုင်းမွမ်းလောဝ်၏ လယ်မြေတစ်ဧကနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုး ထားရှိမှုအ‌ခြေအနေအားကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး တောင်သူများနှင့် တွေ့ဆုံ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး တောင်သူများနှင့်တွေ့ဆုံ ခဲ့သည်။

ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်(၂)နာရီက လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲ ကျင်းပခဲ့ကြကြောင်း သိရသည်။

မိုင်းဆတ်-တာချီလိတ် ကားလမ်းအတွင်းရှိ နမ့်ကျန်းတံတားပုံမှန်အတိုင်း ယာဥ်များဖြတ်သန်းသွားလာနိုင်ပြီဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်လမ်း(၈km-၉km)မိုင် (၄/၇.၇၇-၅/၄.၇၄)အတွင်းရှိ (ပန်ဟိုင်းရွာနှင့်မယ်ကျန်းရွာအကြား နမ့်ကျန်းတံတားအနေဖြင့်   ဇူလိုင် (၁၆)ရက်နေ့ နေ့လည် (၂)နာရီ (၅၀)မိနစ်အချိန်မှစ၍ မော်တော်ယာဥ်ငယ်များနှင့် ယမန်နေ့ နေ့လည် (၄)နာရီ (၁၅)မိနစ်အချိန်တွင် မော်တော်ယာဥ်ကြီးများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
Subscribe to