ပုသိမ်ကြီး ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် သင်ရိုးပြင်ပ ကျောင်းတွင်းလှုပ်ရှားမှု အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို၊ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများက ကျွန်းသစ်အမျိုးအစားပျိုးပင်ပေါင်း (၃၀၀) အား ပျော်ရွှင်စွာဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အခမ်းအနားသို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းအုပ်ကြီး ဦးခင်မောင်ထွေး၊ (လုံပီး) ကျောင်းအုပ်ကြီး ဒေါ်ဥမ္မာကျော်၊ (ရွှေဘို) ကျောင်းအုပ်ကြီး ဒေါ်မြတ်မြတ်သစ်၊ ဆည်/ရေ (ရေအရင်းအမြစ်ဦးစီးဌာန) ဦးစီးအရာရှိ ဦးအောင်ဇော်မင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ကျောင်း သား/ကျောင်းသူ (၄၄၄) ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)