မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

မိုင်းစံ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှုးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း ပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းတို့ဆောင်ရွက်ရာတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ဗဟုသုတရရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများကို သုတ၊ ရသစာအုပ်များဖတ်ရှုစေပြီး မိမိကြိုက်နှစ်သက်သည့် စာအုပ်များကိုအခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိဇာချို(မိုင်းစံ၊ပြန်/ဆက်)