ဂန့်ဂေါ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ (၁၆) ရက်နေ့ နံနက်ပိုင်းက ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကျောတိုက်) တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(ကျောတိုက်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအောင်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အသက်ပေးရယူသွားခဲ့သော ခေါင်းဆောင်ကြီးများ၏ အကြောင်းနှင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကြီးကို အစဉ်ထာဝရ တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(ကျောတိုက်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူပေါင်း(၂၆၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း