နတ်တလင်းမြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၁၅ ရက်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ် ပန်းပျိုးခင်းကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ဖြူးမြို့နယ် ပန်းပျိုးခင်းကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ် ဖြူး ဇူလိုင် ၁၇ နေမျိုးလွင် (ပြန်/ဆက်)

ရေတာရှည်မြို့နယ် ဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရေတာရှည်မြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ခင်စန်းလှိုင် ဦးဆောင်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ မိုးစပါး ဧကငါးသောင်း‌ခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခု ဇူလိုင်လ ၁၅ ရက်အထိ မိုးစပါး ၅၆၃၉၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ရာသီတွင် ၇၃၅၁၄ ဧကစိုက်ပျိုးနိုင်ရန် လျာထားသတ်မှတ်ခဲ့ပြီး လျာထားချက်ပြည့်မီကျော်လွန်ရေး ကြိုးပမ်းလျက်ရှိသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ မြို့နယ်များသို့ ထုတ်ချေးထားရှိမှုအပေါ် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များ ရှင်းလင်းခြင်းအခမ်းအနားသို့ တက်ရောက်

‎‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက် ၁၀ နာရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ မြို့နယ်များသို့ ထုတ်ချေးထားရှိမှုအပေါ် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များ ရှင်းလင်းခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

လဟယ်မြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့ ကဗျာ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ကဗျာ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယ‌နေ့နံနက် (၁၀း၀၀) နာရီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၈၂၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၈၂၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၀၇ ဒသမ ၂၉ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to