မိုင်းဆတ် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်လမ်း(၈km-၉km)မိုင် (၄/၇.၇၇-၅/၄.၇၄)အတွင်းရှိ (ပန်ဟိုင်းရွာနှင့်မယ်ကျန်းရွာအကြား နမ့်ကျန်းတံတားအနေဖြင့် ဇူလိုင် (၁၆)ရက်နေ့ နေ့လည် (၂)နာရီ (၅၀)မိနစ်အချိန်မှစ၍ မော်တော်ယာဥ်ငယ်များနှင့် ယမန်နေ့ နေ့လည် (၄)နာရီ (၁၅)မိနစ်အချိန်တွင် မော်တော်ယာဥ်ကြီးများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားသည် မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ မယ်ကျန်းကျေးရွာအနီး မိုင်းဆတ်-မိုင်းတွမ်း-တာချီလိတ်သွားကားလမ်း နမ့်ကျန်းချောင်းသို့ ဖြတ်သန်းတည်ဆောက်ထားသည့် ပန်ဟိုင်းကျေးရွာနှင့် မယ်ကျန်းကျေးရွာကြားရှိ တံတားအမှတ်(၁/၉)၊ အရှည် ၁၃၀ ပေ၊ အကျယ် ၂၁ ပေ၊ သံကူကွန်ကရစ်တံတားဖြစ်ပြီး ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မိုင်းဆတ်ဘက်ခြမ်း တံတားချဉ်းကပ်လမ်းအား ချောင်းရေတိုက်စားမှုဖြစ်ပွား၍ တံတားချဉ်းကပ်လမ်း မြေသားတာဘောင် အရှည် ၁၅ ပေခန့်၊ အကျယ် ၄၀ ပေ၊ အမြင့် ၁၀ ပေခန့် ပျက်ကျပြီး လမ်းကြောင်းပြတ်တောက်မှုဖြစ်ပွားခဲ့ရာ ယာဥ်သွားလာမှု အစဥ်ပြေချောမွေ့စေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းနိုင်နေလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သွားရောက်၍ ရေလမ်းကြောင်းလွှဲခြင်းလုပ်ငန်းနှင့် တံတားချဥ်းကပ်လမ်း တာဘောင်ပြန်လည်တည်ဆောက်ခြင်းအား Excavator(၃)စီး၊Loader(၁)စီး၊ Dump Truck (၅)စီး၊ လုပ်သား(၂၀)ဦးဖြင့် ကြီးကြပ်ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယဥ်ယဥ်ဝင်း(ပြန်/ဆက်)