ဘိုကလေး ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲသို့ မြို့နယ်ဥပဒေအရာရှိ ဦးတင်ကိုကို၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးနိုင်းလိန်းဟုန်းနှင့်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး မြို့နယ်ဥပဒေအရာရှိ ဦးတင်ကိုကိုက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ(၂၀၁၉)နှင့် ပတ်သတ်သည့် သိမှတ်ဖွယ်ရာများ၊ ကလေးသူငယ်များ၏ အခွင့်အရေးများအား ချိုးဖျက်လျက်ရှိသည့်ဖြစ်ရပ်များ၊ကလေးသူငယ်များ၏ အခွင့်အရေးများနှင့်ပတ်သတ်သော တရားစွဲဆိုမှုများ၊ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောခဲ့မှုအပေါ်၌ သိလိုသည်များအား သင်တန်းသား၊ သင်တန်းသူများက မေးမြန်းဆွေးနွေးရာ ဥပဒေအရာရှိကလည်း ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)