မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မိုးစပါးစိုက်ပျိုးနည်းကွင်းသရုပ်ပြပွဲနှင့် စံပြဝက်မွေးမြူရေးခြံ ကြည့်ရှု စစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အဖော်ထည်ဆောင်ရွက်လျက်ရှိရာ မိုးစပါးစိုက်ပျိုးနည်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓါတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ ပဒါးညေးကျေးရွာ၊ စက်မှု လယ်ယာစနစ်ကျလယ်မြေ၌ ပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ ပင်စင်အငြိမ်းစားများ၏ ပင်စင်လစာငွေများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ၂၀၂၅-ခုနှစ် ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လင်းခေး၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်) ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီခွဲက လင်းခေး- မိုင်းပန်သွားလမ်း ပြည်ထောင်စုလမ်းမကြီးနံဘေး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှဦးစီးကျင်းပသည့် ရှေးဦးပြုစုခြင်း(ခရိုင်အဆင့်)သင်တန်း၊ ရှေးဦးသူနာပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းရှိခန်းမတွင် ကျင်းပခဲ့သည်။

နတ်မောက်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၄) ပန်အူအခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ကွင်းဆင်းငှားရမ်းဖတ်ရှုစေခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါကျောင်းတွင်ပြုလုပ်ခဲ့သည်။
Subscribe to