မြောက်ဥက္ကလာပ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါကျောင်းတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များ အမှတ်(၆)အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နွယ်သင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး သန္တာဦးကျောင်းတိုက် ဆရာတော်ထံမှငါးပါးသီလခံယူဆောင်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်အစရှိသောပရိတ်တရားတော်များရွတ်ပွားချီးမြှင့်တော် မူကြပြီး အမှတ်(၆) အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သန္တာဦးကျောင်းတိုက် ဆရာတော်ထံမှအနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)