နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်

နတ်မောက် ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ၂၀၂၅-ခုနှစ် ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။ ထို့သို့ပေးအပ်ရာတွင် မူလတန်းအဆင့် ကျောင်းသား/ သူ(၃၄)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်၊ ခဲတံနှင့် ထောက်ပံ့ငွေ (၁၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၇)ဦးအား တစ်ဦးလျှင် ဗလာစာအုပ်၊ ခဲတံနှင့် ထောက်ပံ့ငွေ (၁၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ(၃)ဦးအား ဗလာစာအုပ်၊ ခဲတံနှင့် ထောက်ပံ့ငွေ(၂၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ တက္ကသိုလ်အဆင့် ကျောင်းသူ(၁)ဦးအား ဗလာစာအုပ်၊ ခဲတံနှင့် ထောက်ပံ့ငွေ(၂၅၀၀၀)ကျပ်ဖြင့်လည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦး၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးစိုး၊ ဒုတိယဦးစီးမှူးတို့က ဝန်ထမ်းသား/သမီးကျောင်းသား(၄၅)ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း