မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး

မိုးနဲ ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ ပင်စင်အငြိမ်းစားများ၏ ပင်စင်လစာငွေများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ထုတ်ယူသူများ လွယ်ကူလျင်မြန်စွာနှင့် အေးချမ်းစွာထုတ်ယူနိုင်ရေး ဘဏ်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ ထုတ်ယူသူများအနေဖြင့် ထုတ်ယူရာတွင် ဘဏ်မှထုတ်ပေးထားသော ထုတ်ယူခွင့်ကတ်ပြားကို ယူဆောင်လာကြရမည်ဖြစ်ကြောင်း၊ လစဉ် ၂၁ ရက်နေ့မှစတင်ကာ ရုံးပိတ်ရက်မှအပ နိုင်ငံ့ဝန်ထမ်းလစာငွေများမထုတ်ပေးမီ ရုံးဖွင့်ရက်များ၌ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လာရောက်ရန် ခက်ခဲသောအငြိမ်းစားများအား ကိုယ်စာလှယ်လွှဲစာဖြင့် ထုတ်ယူခွင့်ပြုပေးထားကြောင်းနှင့် ထုတ်ယူခွင့်ကတ်ပြားများ ပျောက်ဆုံးပျက်ဆီးမှုဖြစ်လျှင်လည်း ဘဏ်မှအခမဲ့ပြန်လည်ပြုလုပ်ပေးကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ဇင်ကိုကို