မိုးစပါးအထွက်တိုးစေရေး မိရိုးဖလာနည်းလမ်းအတိုင်း ပျိုးထောင်စိုက်ပျိုးကြစေလို

မိုးစပါးအထွက်တိုးစေရေး မိရိုးဖလာနည်းလမ်းအတိုင်း ပျိုးထောင်စိုက်ပျိုးကြစေလို ကြံခင်း ဇူလိုင် ၂၀ ဖြိုးဝေလင်း(ပြန်/ဆက်)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွအခမ်းအနား ကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွအခမ်းအနား ကျင်းပ လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၂၀ မြင့်ဇော်(ပြန်/ဆက်)

ဟိုင်းကြီးကျွန်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲခြင်းနှင့် အလေးပြုခြင်းများ ပြုလုပ်

ဟိုင်းကြီးကျွန်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲခြင်းနှင့် အလေးပြုခြင်းများ ပြုလုပ် ဟိုင်းကြီးကျွန်း ဇူလိုင် ၂၀ မြို့နယ် (ပြန်/ဆက်)

ကရင်ပြည်နယ် တရားလွှတ်တော်အဆောက်အဦပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်တရားလွှတ်တော် (၁၃၄ပေ x ၁၄၁ပေ) RC (၃) ထပ်အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ ဆေးရုံလမ်း၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ အဆိုပါအဆောက်အဦ ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်း ဆွေးနွေးပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌နေ့နံနက် ၁၀ နာရီက အမှတ်(၁၆၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌စေရန်နှင့် အသင်းသား‌တောင်သူတစ်ဦးချင်း ဝင်‌ငွေတိုးပွား‌စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင်‌ငွေနှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေတို့ဖြင့် စိုက်ပျိုးထားသည့် မြိုင်ကုန်း‌ကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်ခိုင်ဦး၊ အသင်းသားတောင်သူ ဦးထွန်းငွေနှင့် အသင်းသားတောင်သူ ဦးရွှေမန်းတို့ စိုက်ပျိုးထားသည့် Rakka 999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများ‌ အောင်မြင်ဖြစ်ထွန်းပြီး ဝါကောက်ယူနေမှုများကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားနှင့် အငြိမ်းစားဝန်ထမ်းများအား ဂါဝရပြုကန်တော့ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြေစာရင်းဦးစီးဌာန မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် မြေစာရင်း (အငြိမ်းစား) ဝန်ထမ်းပင်စင်စားများအား ဂါဝရပြုကန်တော့ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်‌မြေစာရင်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျုံပျော်မြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြော

မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့်၏ လမ်းညွှန်မှုဖြင့် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က အထောင်မြို့ အမှတ် (၂) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင်  ဆောင်ရွက်ခဲ့သည်။

ပန်းဘဲတန်းမြို့နယ် တိုးတက်အောင်ဆောက်လုပ်ရေးနှင့် အထွေထွေစီးပွါးရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် တိုးတက်အောင်ဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။ 
Subscribe to