သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသော ဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရှမ်းကလေးကျွန်းကျေးရွာ ရွာအဝင်ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာအဝင် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရမည်းသင်းမြို့၊ အခြေခံပညာအထက်တန်း‎ကျောင်း (မြို့မ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရမည်းသင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာကျောင်းအုပ် ဆရာကြီး ဦးအောင်အောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။

မင်းလှမြို့နယ်တွင် ဦးတို‌အခြေခံပညာမူလတန်းကျောင်း တိုးချဲ့‌ကျောင်းဆောင်သစ် ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ထောက်ကြံကွင်းကျေးရွာအုပ်စု၊ ဦးတိုကျေးရွာတွင် ဦးတို‌အခြေခံပညာမူလတန်းကျောင်းတိုးချဲ့‌ကျောင် းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ကပြုလုပ်ခဲ့သည်။

ရမည်းသင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရမည်းသင်းခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ ခရိုင်လျှပ်စစ်မန်နေဂျာနှင့်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အ-ထ-က (မြို့မ)ကျောင်း၌ ကျင်းပခဲ့သည်။

ညောင်ရွှေမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။

ရမည်းသင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

ရမည်းသင်းခရိုင်  ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အ-ထ-က (မြို့မ)ကျောင်း၌ ကျင်းပခဲ့သည်။

မိုင်းရှူးမြို့၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ပင်စင်လစာများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ မိုင်းရှူးမြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ယနေ့နံနက် (၈)နာရီမှစတင်၍ ပင်စင်လစာများ လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိသည်။

ချောင်းဆုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့်မဲပေးခြင်းစနစ်အစား  အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်းအဖွဲ့ခွဲမှဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက ကျွန်းသာယာခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to