မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

မင်္ဂလာဒုံ ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှဦးစီးကျင်းပသည့် ရှေးဦးပြုစုခြင်း(ခရိုင်အဆင့်)သင်တန်း၊ ရှေးဦးသူနာပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းရှိခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်ဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးရန်အောင်မျိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဇော်ဝင်းသန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ထို့နောက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ခွဲ(၃)မှတပ်ဖွဲ့ဝင်များက ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးသန်းလွင်က ကျေး‌ဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍  တာဝန်ရှိသူများက သင်တန်းနည်းပြဆရာများနှင့် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များပေးအပ်ခြင်းနှင့် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးမှလက်ခံရယူခဲ့ကာ သင်တန်းသား၊ သင်တန်းသူများက ရှေးဦးသူနာပြုစုခြင်းနှင့်ပတ်သက်၍ သရုပ်ပြတင်ဆက်ခဲ့ကြပြီးနောက် “စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်” တေးသီချင်းဖြင့်ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း