ကွန်ဟိန်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း (၂၃၁)ဦး ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)