မိုးနဲ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၄) ပန်အူအခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ကွင်းဆင်းငှားရမ်းဖတ်ရှုစေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာခြင်း၊ စာဖတ်ရှိန်ပိုမိုမြှင့်တင်နိုင်ခြင်း၊ စာငှား၊ စာဖတ်သူတိုးတက်လာခြင်းတို့အပြင် ကျောင်းသား/ သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို လွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံစေခြင်း၊ စာဖတ်သည့် အလေ့အကျင့်ကောင်းရရှိခြင်း၊ အသိပညာဗဟုသုတများတိုးပွားလာခြင်း၊ စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် အွန်လိုင်းအသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းများအား အခြေခံပညာကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို