ငဖဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကတ်များ ဆောင်ရွက်ပေးပြီးဖြစ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID) ကတ်များကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ၄၁၈ ဦးအား Biometric (UID)ကတ်များ ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။